၄၁ ဧက ကျယ်ဝန်းတဲ့ ကျေးလက်ပုံစံ ခြံကျယ်ကြီးကို ရောင်းချလိုက်တဲ့ မင်းသားကြီး ဂျွန်နီဒက်

ကမ္ဘာကျော် အမေရိကန် မင်းသားကြီး ဂျွန်နီဒက်ကတော့ သူပိုင်ဆိုင်တဲ့ အမေရိကန် ပြည်ထောင်စု ကင်တက်ကီပြည်နယ်မှာ ဝယ်ယူပိုင်ဆိုင်ထားတဲ့ ၄၁ ဧကလောက်ကျယ်ဝန်းတဲ့ ကျေးလက်ပုံစံ ခြံကျယ်ကြီးကို ရောင်းချလိုက်ပါပြီ။ မင်းသားကြီး ဂျွန်နီဒက်ဟာ အမေရိကန်ဒေါ်လာ ၁.၃ သန်းနဲ့ ရောင်းချခဲ့တာဖြစ်ပြီး လက်ရှိပေါက်ကြေးထက် လျှော့ချရောင်းချခဲ့တာလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဂျွန်နီဒက်ဟာ မွေးရပ်မြေက ဒီခြံကြီးကို ၁၉၉၅ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၉ သိန်းခွဲနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ ဒါပေမယ့် ၂၀၀၅ ခုနှစ်အရောက်မှာတော့ အမေရိကန်ဒေါ်လာ ၂ သန်းနဲ့ ပြန်လည် ဝယ်ယူခဲ့ပါတယ်။ မင်းသားကြီး ဂျွန်နီဒက်ဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ဇနီးဟောင်းဖြစ်သူ အမ်ဘာဟက်ကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားရေးရင်ဆိုင်ခဲ့ရပြီး သူ့ပိုင်ဆိုင်တဲ့ ငွေကြေးများစွာ ဆုံးရှုံးမှု ကြုံခဲ့ရပါတယ်။ ဒါပေမယ့် ယခင်က လက်တွဲဖော်ဟောင်းဖြစ်ဖူးတဲ့ ပြင်သစ် အဆိုတော်၊ မော်လ်ဒယ်နဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဗန်နက်စ်ဆာကတော့ ဂျွန်နီဒက်နဲ့ လက်တွဲဖူးတဲ့ ကာလတစ်လျှောက်မှာ အကြမ်းဖက်မှုတွေနဲ့ တစ်ခါမှ အနိုင်မယူဖူးကြောင့် ကာကွယ်ပြောကြားခဲ့ဖူးပါတယ်။

0
FacebookTwitterShare
Published on 20/03/2020 / zmediazmedia





Related News