ပရိသတ်တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အမေရိကန်ခရီးစဉ်တွေကို ရွှေ့ဆိုင်းလိုက်တဲ့ အဆိုတော် ဘီလီအဲလစ်

ကမ္ဘာ့ဂီတအသိုင်းအဝိုင်းမှာ နာမည်တောက်လျှောက်ရလာတဲ့ ပေ့ါပ်ကြယ်ပွင့် အမေရိကန်သူ ဘီလီအဲစစ်ဟာ သူ့ရဲ့ မတ်လနဲ့ ဧပြီလမှာ ရှိနေတဲ့ အဆိုပွဲစဉ်တွေအကုန်လုံးကို ရွှေ့ဆိုင်းလိုက်တယ်လို့ လူမှုကွန်ရက်မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ ပရိသတ်တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အိမ်မှာပဲ ကျန်းမာစွာနေပြီး ကွန်ရိုနာ ဗိုင်းရပ်စ်ကို တွန်းလှန်ဖို့ နှိုးဆော်လိုက်တာပါ။ ဆက်လက်ပြီး ပွဲစဉ်တွေအားလုံးကို ရွှေ့ဆိုင်းခဲ့ရလို့ စိတ်မကောင်းဖြစ်မိပေမယ့် လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေးက ပိုပြီးအရေးကြီးလို့ ဖြစ်သင့်တာကို လုပ်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါအပြင်လာမယ့် မြောက်အမေရိကကို ခြေဆန့်မယ့် ခရီးစဉ်တွေ အားလုံးလည်း နှောင့်နှေးကြန့်ကြာတော့မှာဖြစ်သလို ကိုရိုနာဗိုင်းရပ်စ် ပြန်ပြီး ကင်းရှင်းသွားမှသာ ပြန်လည် စတင်ဖို့ ရှိနေပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ မီယာမီပွဲစဉ်က သူ့ကို Bodyshaming ပြုလုပ်ခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လည်း သူ့အနေနဲ့ မိန်းတစ်ယောက်လို နေထိုင်ခြင်းကို နှစ်သက်သူမဟုတ်လို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ကြိုက်သလို ဆုံးဖြတ်နိုင်တယ်လို့ ဆိုပါတယ်။ ပရိသတ်အချို့ဟာ မီယာမီပွဲစဉ်မှာ အဝတ်အစားပိုင်းနဲ့ ခန္ဓာကိုယ်ပိုင်းကို ပြောဆိုခဲ့ကြပြီး ဘီလီအဲလစ်ဟာ သူ့ရဲ့ ဘရာကို ချွတ်ပြတဲ့ ဗီဒီယိုဖိုင်ကို တင်ပြီး တုန့်ပြန်ခဲ့ပါတယ်။

0
FacebookTwitterShare
Published on 13/03/2020 / zmediazmedia





Related News