ရှုတင်မှာ မင်းသမီး သက်မွန်မြင့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ကို ဘယ်လိုစလဲ

ပရိသတ်တွေရဲ့ အချစ်တော် အကယ်ဒမီသက်မွန်မြင့်ဟာ ရုပ်ရှင်ဇာတ်ကားတွေမှာ ထူးချွန်တဲ့ သရုပ်ဆောင်မှုတွေ၊ ပြောဆိုဟန်တွေနဲ့ တည်ငြိမ်စရာရှိရင် တည်ငြိမ်၊ ကလေးဆန်စရာရှိရင် ကစားဆန်ပြီး ကျရာ ဇာတ်ရုပ်မှာ ပြောင်မြောက်အောင် သရုပ်ဆောင်တတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် အပြင် လူနေမှု ဘဝမှာတော့ ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး အစအနောက်သန်တတ်သူတစ်ဦးပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း “ရခဲ့သမျှ အရာရာ” စီးရီးတွဲရဲ့ ဇာတ်ဝင်ခန်းတစ်ခုကို သရုပ်မဆောင်ကြခင် ရှုတင် အားချိန်လေးမှာ ဇာတ်ကားကို ဦးစီးပြီး ရိုက်ကူးနေတဲ့ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ကို Live လွှင့်ရင်း စနောက်ခဲ့ပြန်ပါတယ်။ ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ဟာ မင်းသမီးသက်မွန်မြင့်ရဲ့ ခေါ်ဆိုမှုကြောင့် အမှတ်တရ ဓာတ်ပုံရိုက်ဖို့ အမှန်အကန် ပို့စ်တွေပေးနေခဲ့ပေမယ့် တကယ်တော့ သက်မွန်မြင့်ဟာ Live လွှင့်နေတာဖြစ်ပြီး သိသိချင်း ဒါရိုက်တာကြီးဟာ အလန့်တကြားထွက်ပြေးခဲ့ပါတယ်။ ရှုတင်မှာ ရယ်စရာလေးတွေ ဖြစ်ခဲ့ပြီး ပျော်ရွှင်စရာလည်း ကောင်းခဲ့ပါတယ်။ မင်းသမီး သက်မွန်မြင့်ရဲ့ Live လွှင့်နေမှုကို ကြည့်ရှုနေကြတဲ့ အမာခံပရိသတ်တွေလည်း ရယ်မောခဲ့ကြပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ကို “ပွစိပွစိနဲ့ အဘွားကြီးကျနေတာပဲ”လို့ ချစ်စနိုးနဲ့ စနောက်ခဲ့ကြပါသေးတယ်။ ဒီ “ရခဲ့သမျှ အရာရာ” စီးရီးတွဲ ဇာတ်လမ်းကိုတော့ ကောင်းပြည့်၊ ထွန်းကိုကို၊ ဆုပန်ထွာ၊ ပွင့်နဒီမောင်၊ သက်မွန်မြင့်၊ မှုန်နံ့သာကျော်ရဲအောင်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ပြီး ဒါရိုက်တာ ကိုဇော် ( အာရုဏ်ဦး) က ဦးစီး ရိုက်ကူးနေပါတယ်။ (Photo - TMM)

0
FacebookTwitterShare
Published on 13/03/2020 / zmediazmedia





Related News