မင်းသားသစ် တစ်ယောက်နဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ပိုင်ဖြိုးသု

အရမ်းချမ်းသာတဲ့ လူတန်းစားပဲဖြစ်စေ၊ သာမန်လူတန်းစားပဲဖြစ်စေ ပိုက်ဆံ ရှိတာ၊ မရှိတာထက် စိတ်ရဲ့ ပျော်ရွှင်ခြင်းဆိုတဲ့ အရာတွေအပြင် အလိုလိုက် ဂရုစိုက်မှုတွေကို ကိုယ်ချစ်ရသူဆီက လိုချင်ကြတဲ့ သူတွေပါပဲ။ အနုပညာရှင်တွေဆိုရင် ပိုပြီးတော့ လိုချင်ရှာကြမှာပါ။ အနုပညာရှင်တစ်ယောက်ကို ချစ်ကြိုက်မိပြီဆိုရင် အနည်းဆုံး နားလည်ပေးခြင်းဆိုတဲ့ စိတ်အခံကနေ စတင် ချစ်ရပါတယ်။ မြန်မာနိုင်ငံရဲ့ အနုပညာ လောကထဲမှာလည်း သိပ်ကို စံထား နမူနာယူထိုက်တဲ့ ဇနီးမောင်နံှတွေများစွာ ရှိပါတယ်။ ဒီထဲမှာ ဒါရိုက်တာ ဏကြီးနဲ့ ပိုင်ဖြိုးသုတို့လည်း ပါဝင်ပါတယ်။ အနုပညာလုပ်ငန်းတူပေမယ့် လုပ်ငန်းသဘောသဘာဝခြင်းမတူပေမယ့် တစ်ဦးပေါ်တစ်ဦး နားလည်မှု အပြည့်အဝနဲ့ ဘဝခရီးကို လျှောက်နေပြီး ပရိသတ်တွေရဲ့ နှုတ်ဖျားမှာလည်း သူတို့ မောင်နှံရဲ့ အကြောင်းတွေဟာ မပြောမဖြစ်၊ မပါမဖြစ်ပေါ့။ အခုလည်း မင်းသမီး ပိုင်ဖြိုးသုက ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးကို ကြော်ငြာတစ်ခုမှာ အတူတူ တွဲပြီး သရုပ်ဆောင်ဖို့ အတင်း ပူဆာလို့ ခင်ပွန်းသည်မိန်းမဖြစ်သူရဲ့ အလိုကို လိုက်ရောခဲ့ရပါပြီ။ ဒီအကြောင်းအရာလေးကို ပိုင်ဖြိုးသုရဲ့ Facebook စာမျက်နှာမှာ ကြော်ငြာရိုက်ကွင်းက ဓာတ်ပုံလေးတွေကိုတင်ရင်း “ဦးရေခဲကြီးနှင့် ကြော်ငြာရိုက်ကွင်းလေးတစ်ခု၊ ကြော်ငြာလေးထွက်လာရင်အားပေးနော်၊ အောင်မလေး... ဦးရေခဲကြီးကိုကြော်ငြာတစ်ခုရိုက်ဖို့ အရေးမနည်းချော့ယူရတယ်၊ သိပ်ဈေးကိုင်တဲ့မင်းသား”လို့ ချစ်စနိုးနဲ့ ရေးသားထားလေရဲ့။   Photo Crd - PPT FB

0
FacebookTwitterShare
Published on 12/03/2020 / zmediazmedia