အမေရိကန် ဒေါ်လာ ၂၄ သန်းတန်တဲ့ ဆိုင်မွန်ကော်ဝဲလ်ရဲ့ အိမ်ကြီး ရုပ်လုံးပေါ်လာ

X Factor ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဆိုင်မွန်ကော်ဝဲလ်ဟာ လက်ရှိမှာ မာလီဘူးဒေသမှာ ရှိတဲ့ သူပိုင်ဆိုင်တဲ့ အိမ်ကြီးကို အမှန်အကန် စိတ်တိုင်းကျ ပြင်ဆင်ဆောက်လုပ်နေပါတယ်။ ဒီအိမ်ကြီးကို ၂၀၁၇ ခုနှစ်လောက်ကတည်းက ဝယ်ယူခဲ့ပြီး တစ်ထပ်တိုက် ပုံစံဖြစ်ပါတယ်။ ပင်လယ်နဲ့ နီးပြီး ခမ်းနားတဲ့ သူ့ရဲ့ အိမ်ကြီးဟာ ဝယ်ဝယ်ချင်းမှာ အမေရိကန် ဒေါ်လာ ၂၄ သန်း တန်ကြေးရှိပါတယ်။ ဒီအိမ်ကြီးကို အမျိုးသမီးဖြစ်သူနဲ့ သားဖြစ်သူအတွက် နားနားနေနေ နေရဖို့ ရည်ရွယ်ဝယ်ပေးခဲ့ကာ လက်ရှိမှာ စိတ်တိုင်းကျ ပြင်ဆင်မွမ်းမံအပြီး အိမ်ရဲ့ ရုပ်လုံးဟာ ပေါ်ထွက်လာခဲ့ပါပြီ။ အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်ပြီး ၁.၆၃ ဧက ကျယ်ဝန်းပါတယ်။ ပင်လယ်အုန်းပင်တွေနဲ့ ပြည့်နှက်နေတဲ့ ခြံဝန်းကြီးဟာ တကယ့်ကို ခမ်းနားထည်ဝါပြီး ပင်လယ်နဲ့ နီးလို့ စိတ်လက် ကြည့်သာစရာ ဖြစ်စေပါတယ်။ ရေကူးကန်တစ်ကန်၊ သီးသန့် သားငါးကင်ခန်း BBQ ဧရိယာတစ်ခုကိုလည်း ထည့်သွင်းထားပြီး တင်းနစ်ကွင်းတစ်ခုလည်း ပါဝင်ပါသေးတယ်။ ဒီအိမ်ကြီးဟာ ၁၉၈၈ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ အိမ်ကြီးဖြစ်ပြီး လက်ရှိမှာ ဆိုင်မွန်ရဲ့ လက်ထက်မှာတော့ ပြင်ဆင်မှု အကြီးစားပြုလုပ်ခဲ့တာပါ။

0
FacebookTwitterShare
Published on 11/03/2020 / zmediazmedia





Related News