အသက် ၅၂ နှစ်ပြည့် ဒန်နီရယ် ခရေ့ဂျ်ရဲ့ No Time To Die ဇာတ်ကားထွက်မယ့်ရက် နောက်ကျမည်

ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့မှာ No Time To Die ဇာတ်ကားရဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး ဒန်နီရယ် ခရေ့ဂျ်ဟာ အသက် ၅၂ နှစ်ပြည့်မြောက်ခဲ့ပါပြီ။ သူ့ရဲ့မွေးနေ့ပွဲမှာ Tuxedo ကိတ်ပုံစံ မွေးနေ့ကိတ်ကို ပြုလုပ်ပေးပြီး ကျင်းပပေးခဲ့ပါတယ်။ အပြာရောင် မျက်လုံးပိုင်ရှင်ဆိုပြီး နာမည်ကြီးတဲ့ ဒန်နီရယ် ခရေ့ဂျ် ပါဝင် သရုပ်ဆောင်ထားတဲ့ No Tme To Die ဇာတ်ကားကတော့ ကနဦးက မတ်လ ၃၁ ရက်နေ့မှာ ထွက်ရှိမယ်လို့ အစီအစဉ်ဆွဲထားပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နောက်ထပ် ၇ လနီပါးမှ နောက်ကျ ထွက်ရှိတော့မယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကမ္ဘာ့တလွှားမှာ ပြင်းပြင်းထန်ထန် ပျံ့နှံ့လျက်ရှိပြီး လူပေါင်း ၉၂၀၀၀ ကျော် ကူးစက်ခံနေရပြီး သေဆုံးသူ ၃၁၁၀ ဦး သေဆုံးခဲ့ရပြီလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းဖြစ်တဲ့ (WHO) က ထုတ်ပြန်ထားလို့ No Time To Die ဇာတ်ကား ထွက်ရှိမယ့် ရက်ကိုလည်း ရွှေ့ပြောင်းလိုက်ရတာဖြစ်ပါတယ်။

0
FacebookTwitterShare
Published on 05/03/2020 / zmediazmedia





Related News