အဆိုတော် ယုန်လေးရဲ့ “စိတ်ကူးနဲ့ပဲ” သီချင်းထဲက ထိုင်းမော်ဒယ်လ်လေးက ဘယ်သူလဲ

လတ်တလောမှာ အဆိုတော်ယုန်လေးရဲ့ “စိတ်ကူးနဲ့ပဲ” Music Video သီချင်းလေးဟာ ပရိသတ်တွေကြားမှာ ရေပန်းစားနေပြီး လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ ချစ်ခြင်းကြားက လူငယ်ဆန်တဲ့ အချစ်အကြောင်းလေးကို ရိုက်ကူးသီဆိုထားတာပါ။ အဆိုတော် ယုန်လေးဟာ ထူးထူးခြားခြားနဲ့ပဲ သူကိုယ်တိုင်ရေး၊ သူကိုယ်တိုင်ဆိုတဲ့ ဒီသီချင်းလေးထဲမှာ တွဲဖက်သရုပ်ဆောင်မယ့်သူကို ထိုင်းနိုင်ငံက မော်ဒယ်လ်တစ်ယောက်ကို ရွေးချယ်ခဲ့ပါတယ်။ လက်ရှိ ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကိုယ်ချစ်ရတဲ့သူကို ကူးစက်ခံရမယ်ဆိုရင် ချစ်သူတစ်ယောက်အနေနဲ့ ဘယ်လိုဆုံးဖြတ်ပြီး ဆက်ချစ်နိုင်မလဲဆိုတဲ့ စိတ်ကူးလေးကို အကွက်ကျကျနဲ့ ရိုက်ပြခဲ့တာပါ။ အဆိုတော်၊ ဒါရိုက်တာ ယုန်လေး ရွေးချယ်ခဲ့တဲ့ ထိုင်းမော်ဒယ်လ်လေးကတော့ ပုရိသ ယောက်ျားလေးတွေကြားမှာ နာမည်ကြီးနေတဲ့ Cup E Page မှာ တော်တော်များများ အတင်ခံရတဲ့ နာမည်ကြီး ထိုင်းမော်ဒယ်လ်တစ်ယောက်ပဲဖြစ်ပါတယ်။ သူ့ရဲ့ နာမည်ဟာ Jessie Vard လို့ခေါ်ပြီး အင်စတာဂရမ်နဲ့ facebook လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ သိပ်ကို နာမည်ကြီးတဲ့ Sexy Model တစ်ယောက်ပဲဖြစ်ပါတယ်။ အိုင်ယာလန်နိုင်ငံမှာ မွေးဖွားခဲ့ပြီး ၂၀၀၁ ခုနှစ်မှာ ဖခင်ဖြစ်သူနဲ့ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့သူဖြစ်ပါတယ်။ အခုအချိန်မှာ ထိုင်းနိုင်ငံရဲ့ Sexy Model လောကမှာလည်း နာမည်တစ်ခု ရှိထားပြီး ပြီးခဲ့တဲ့ ရက်ကလည်း အဆိုတော်ယုန်လေးက မြန်မာနိုင်ငံကို ဒီ ထိုင်းမော်ဒယ်လ်လေး လာရောက်မယ်လို့ အသိပေး ကြေညာထားပါတယ်။ Photo _ YL FB @ JV FB

0
FacebookTwitterShare
Published on 04/03/2020 / zmediazmedia





Related News