အိမ်ထောင်ကျသွားရင် ပရိသတ်တွေကို တွေ့ချင်တိုင်း တွေ့လို့မရတော့ဘူး

နောက်ဆုံး ထွက်ရှိထားတဲ့ လမ်းခွဲဆိုတဲ့ သီချင်းလေးနဲ့ ပရိသတ်အကြိုက်ဖြစ်နေတဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ ချစ်သူနှစ်ဦးကတော့ လက်ရှိမှာ အိမ်ထောင်ရေးအတွက် မစဉ်းစားသေးဘဲ အိမ်ထောင်ကျသွားရင် ပရိသတ်တွေကို တွေ့ချင်တိုင်း တွေ့လို့ မရတော့မှာစိုးလို့ မင်္ဂလာသတင်းကို ခဏစောင့်ပေးဖို့ ဖွင့်ဟခဲ့ပါတယ်။ အစောပိုင်းမှာ ချစ်သူနှစ်ဦး လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေနဲ့အတူ ချစ်ရတဲ့ ပရိသတ်တွေကို စိုးရိမ်ရအောင်လုပ်ခဲ့တဲ့ သူတို့ချစ်သူစုံတွဲလေးကတော့ သီချင်းနာမည်ကြောင့် အတော်လေး နာမည်ကြီးခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကို ဒီသတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာတော့ အဆိုတော် ကျော်ထွဋ်ဆွေကလည်း ပရိသတ်တွေကို စိတ်ဆင်းရဲအောင် မလုပ်တော့ပါဘူးလို့ တောင်းပန်ထားပါတယ်။ သူတို့ ချစ်သူစုံတွဲကတော့ “အိမ်ထောင်ကျသွားရင် ပရိသတ်တွေနဲ့ တွေ့ချင်တိုင်း တွေ့လို့ရမတော့ဘူး။ အိမ်အလုပ်တွေနဲ့ နှစ်ယောက်လုံး ရှုပ်ကုန်ဆိုတော့ ခဏလေး စောင့်ပေးပါလို့ ပြောချင်ပါတယ်။”လို့ ပြောပါတယ်။ (Photo – KHS @ NTZ)

0
FacebookTwitterShare
Published on 27/02/2020 / zmediazmedia





Related News