ကလေးတွေကို နှိပ်စက်တာတွေ မလုပ်ပါနဲ့ - The Closet

  သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတွေကိုမှ ကြည့်ချင်တဲ့ ဆိုတဲ့ ကိုရီးယားရုပ်ရှင် ပရိသတ်တွေအတွက် The Closet ဆိုတဲ့ ဇာတ်ကားလေးအကြောင်း ပြောပြချင်ပါတယ်။ နာကျည်းမှုတစ်ခုကြောင့် ဘဝကူးပြောင်းဖို့ ခက်ခဲခဲ့နေတဲ့ သမီးငယ်တစ်ယောက်ရဲ့ စွဲလမ်းနာကျည်းမှုတွေကို အခြေခံပြီး ဇာတ်လမ်းရဲ့ အဓိက သရုပ်ဆောင်တွေဖြစ်တဲ့ သားအဖနှစ်ယောက်အပြင် ဝိညာဉ်တွေကို ခြေရာခံပြီး ကျွတ်လွတ်အောင် လုပ်ပေးနေတဲ့ သူတစ်ယောက်တို့ကြားက ခက်ခဲမှုတွေ ရက်စက်မှုတွေနဲ့ ကြောက်စရာကောင်းတဲ့ ပြဿနာတွေကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ တစ်နေ့မှာ ဗိသုကာအင်ဂျင်နီယာသားအဖနှစ်ယောက်ဟာ ဆောက်လုပ်ရေးဆိုဒ်နဲ့ အနီးဆုံး အိမ်တစ်ခုမှာ သွားရောက်နေထိုင်ခဲ့ပါတယ်။ ဇာတ်လမ်းရဲ့ ပြဿနာ အစက အဲဒီအိမ်မှာ ရှိနေတဲ့ ထူးဆန်းတဲ့ အဝတ်ဗီရိုက စပါတယ်။ သမီးဖြစ်သူဟာ တစ်နေ့မှာ ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့ပြီး ဖခင်ဖြစ်သူဟာ အပူမီးလောင်ကျွမ်းပြီး စိတ်သောက ရောက်ခဲ့ရတယ်။ ဝိညာဉ်ရှာဖွေသူတစ်ဦးဟာ အဲဒီအိမ်ကြီးမှာ ကလေးတွေ ထူးဆန်းစွာ ပျောက်ကွယ်သွားနေမှုကို လိုက်လံစုံစမ်းနေခဲ့ပြီး နောက်ဆုံးမှာ သူ့ရဲ့ လုပ်ငန်းစတင်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ဗိသုကာ အင်ဂျင်နီယာနဲ့ ရင်းနှီးအောင်လုပ်ပြီး ဒီအိမ်ကြီးထဲက ထူးဆန်းတဲ့ အဝတ်ဗီရိုအကြောင်းကို စမ်းသပ် ရှာဖွေပါတော့တယ်။ ရက်စက်လွန်းတဲ့ ဖခင်တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် သေဆုံးခါနီး ကလေးတစ်ယောက်နဲ့ မလိုက်တဲ့ နာကျင်မှုတွေ ဒီအိမ်ကြီးမှာ ဆွဲကပ်နေခဲ့တာပါ။ ကလေးဘဝရဲ့ ကြောက်စရာ ကောင်းတဲ့ နာကျည်းမှုတွေဟာ ဘယ်လိုမှ မေ့ပျောက်မသွားခဲ့လို့ ဘဝကူးဖို့ရာမှာ အမှောင်တွေ ဖုံးလွှမ်းနေခဲ့ရတယ်။ ဒီသမီးလေးကို လူ့ဘဝမှာ ရှိနေတဲ့ သားအဖနှစ်ယောက်ရယ်၊ ဝိညာဉ်ရှာဖွေသူရယ်က ဘယ်လို ကူညီပေးသွားမလဲဆိုတာ…“သမီးကြောက်တယ်ဖေဖေ သမီးကို အပြင်ထုတ်ပေးပါ”………………………….။

0
FacebookTwitterShare
Published on 24/02/2020 / zmediazmedia





Related News