မိသားစုအတွက် အချိန်ပေးနေတဲ့ ပယ်ရီညီအမ

  ပျော်ရွှင်စရာ မိသားစုဘဝလေးကို ပိုင်ဆိုင်ကြတဲ့ လူတွေတိုင်းဟာ ကမ္ဘာမှာ စိတ်ကျေနပ်စရာကောင်းတဲ့ လူသားတွေပေါ့။ မိသားစုကို အချိန်လေးတွေပေးပြီး ဖြတ်သန်းရတာ တကယ့်ကို ပျော်ရွှင်စရာကောင်းပါတယ်။   ကောင်လေးတွေရဲ့ ပါးစပ်ဖျားမှာ ပယ်ရီညီအမနှစ်ယောက်အကြောင်းဟာ ဘယ်တော့မှ မရိုးနိုင်တဲ့အပြင် မတူညီတဲ့ လူမျိုးခြား မိဘနှစ်ပါးကနေ မွေးဖွားလာခဲ့ပြီး မိဘတွေဆီက တစ်မျိုးစီသော အလှတရားတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ချစ်စရာကောင်းပြီး လူမှုကွန်ရက်တွေပေါ်လည်း အာရုံမစိုက်တတ်တဲ့ သူတို့ ညီအမကိုတော့ အမျိုးသား ကောင်လေးတွေကတော့ ချစ်ခင်နှစ်သက်ကြပါတယ်။   ရည်ရွယ်ရာ အနုပညာ လမ်းကြောင်းတွေမှာလည်း တရိပ်ရိပ်နဲ့ အောင်မြင်မှုတွေ ရရှိလာခဲ့ပြီး မေဂရေ့ရဲ့ ညီမလေးဖြစ်သူ ဂျက်စီကာဆိုရင်လည်း နာမည်ကြီး အနုပညာ အဆိုရှင်တွေနဲ့ တွဲဖက်ပြီး သီချင်းကောင်းလေးတွေကို ခပ်စိတ်စိတ်လေး သီဆိုလာခဲ့တာ ပရိသတ်တွေ အမြင်ပါပဲ။ အနုပညာလုပ်ငန်းတွေလည်း တစိုက်စိုက်မတ်တ်လုပ်တတ်သလို မိသားစုအတွက် အချိန်တွေပေးနေတဲ့ ပယ်ရီမိသားစုလေးကတော့ တကယ့်ကို အားကျစရာပါပဲ။ Photo – MGPR FB

0
FacebookTwitterShare
Published on 21/02/2020 / zmediazmedia





Related News