ငယ်သူမို့ သီချင်းနဲ့ လူငယ် ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ စံမီမီနဲ့ ကျေးကျေး

လတ်တလော လူငယ် ပရိသတ်တွေကြားမှာ ရေပန်းစားပြီး အွန်လိုင်း ပရိသတ်တွေရဲ့ ကြည့်ရှုမှုအများဆုံး သီချင်းလေးဖြစ်နေတဲ့ ငယ်သူမို့ သီချင်းလေးဟာ နာမည်ကြီး လျက်ရှိနေပါတယ်။ သီချင်းလေးဟာ ဒါရိုက်တာ ပွင့်သိင်္ဂိဇော် ရိုက်ကူးတဲ့ မြက်နုဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာလည်း ဇာတ်ဝင်တေးသီချင်းအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ငယ်သူမို့သီချင်းလေးဟာ အရင်က အဆိုတော် ချစ်သူဝေ သီဆိုခဲ့စဉ်ကတည်းက အောင်မြင်မှု ရရှိခဲ့ပေမယ့် လက်ရှိမှာ သီချင်းပုံစံကို ပြောင်းလဲထားပြီး ဆယ်ကျော်သက် တက်သစ်စ လူငယ်တေးသံရှင်တွေဖြစ်တဲ့ စံမီမီနဲ့ ကျေးကျေးတို့က ပြန်လည်သီဆိုခဲ့ရာမှာတော့ ပိုမိုပြီး လူသိများလာခဲ့ပါတယ်။ သီချင်းလေးဟာဆိုရင် ဒီနေ့ခေတ် ဆယ်ကျော်သက်လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချစ်ရေးကိစ္စတွေနဲ့ ပြဿနာလေးတွေအကြောင်းကို ဆယ်ကျော်သက်လူငယ်တစ်ယောက်ရဲ့ စိတ်ခံစားချက်နဲ့ ရေးသားထားတာပဲဖြစ်ပါတယ်။ ဆယ်ကျော်သက် လူငယ်အမျိုးသမီး အဆိုရှင်လေးတွေဖြစ်တဲ့ စံမီမီနဲ့ ကျေးကျေးတို့ သီဆိုခဲ့တဲ့ ဒီသီချင်းလေးဟာဆိုရင် သူတို့ရဲ့ အနုပညာလမ်းမှာ ရုပ်ရှင်ဇာတ်ကားကြီး “မြက်နု” ဇာတ်ကားမှာ ပထမဆုံး ဖိတ်ခေါ် သီဆိုခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဆိုရှင် စံမီမီနဲ့ ကျေးကျေးတို့က “ဒီသီချင်းလေးကို မြက်နုရုပ်ရှင်ဇာတ်ကားမှာ ပထမဆုံး ကမ်းလှမ်းခံရတာဖြစ်ပြီး ဒီသီချင်းကလည်း ဇာတ်ကားနဲ့လိုက်ပါတယ်။ အခုခေတ် ငယ်ငယ်ရွယ်ရွယ်ကောင်မလေးတွေရဲ့ ဆိုးတတ်၊ မှားတတ်တယ် အဲလိုကိစ္စလေးတွေကို ရေးထားတာပေါ့နော်။ အခုလို ပါဝင်ခွင့်ရတာလည်း အရမ်းပျော်ပါတယ်။”လို့ ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။ Photo – SMM & KK

0
FacebookTwitterShare
Published on 20/02/2020 / zmediazmedia





Related News