ချစ်တတ်လွန်းသူတစ်ယောက်ပါလို့ ရင်ဖွင့်လိုက်တဲ့ ဂျိုကာ

အဆိုတော်၊ သရုပ်ဆောင် ရဲလေးရဲ့ညီဖြစ်သူ ဂျိုကာကတော့ ချစ်တတ်လွန်းသူတစ်ယောက်ဖြစ်လို့ လာမယ့် ချစ်သူများနေ့မှာ ချစ်သူအတွက် Surprise လေးတစ်ခု လုပ်ပေးသွားမယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ချစ်သူများနေ့ ၁၄ ရက်နေ့မှာ ဖျော်ဖြေရေးပွဲတစ်ခုရှိပေမယ့် ချစ်သူအတွက် ထူးခြားတာလေးတစ်ခု လုပ်ပေးချင်တယ်လို့ ဆိုပါတယ်။ ဒါအပြင် အကိုဖြစ်သူ ရဲလေးရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီးတော့ ဂျိုကာက “သူကတော့ Single ဖြစ်နေတာ မတတ်နိုင်ဘူး။ ချောကလပ်ကြိုက်ရင်တော့ ကျွန်တော်ကျွေးလိုက်မယ်။ ညီအစ်ကိုချင်းပဲ။ ချစ်သူအတွက်ကတော့ အမြဲတမ်းလည်း ချစ်နေတာဆိုတော့ အဲ့နေ့ ပွဲရှိပေမယ့် တစ်ခုခုတော့ လုပ်ပေးမှာပါ”လို့ ဖွင့်ဟခဲ့ပါတယ်။  

0
FacebookTwitterShare
Published on 07/02/2020 / zmediazmedia





Related News