ပြီးခဲ့တဲ့ ရက်အနည်းငယ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ ဟောလီးဝုဒ်မင်းသားကြီး တွမ်ဟမ့်ခ်နဲ့ သူ့ရဲ့ ဇနီးသည် ရီတာဝီလ်ဆင်တို့ဟာ တက်ရောက်နေရတဲ့ သြစတြေးလျ ဆေးရုံကနေ ဆင်းခွင့်ရရှိသွားပြီလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။ သြစတြေးလျနိုင်ငံကို ရုပ်ရှင် အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ရှိနေကြတဲ့ သူတို့ ဇနီးမောင်နှံဟာ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ဖြစ်ချင်းအခြေအနေမှာ သီးသန့်ခွဲနေခဲ့ရပြီး တစ်ပတ်နီးပါးကြာ ကုသမှု ခံခဲ့ရပါတယ်။
လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံးရဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု အခြေအနေဟာ စိတ်ချရတဲ့ အခြေအနေတစ်ခု ရောက်ရှိနေပြီလို့ မင်းသားကြီး တွမ်ဟမ့်ခ်က ဖွင့်ဟပြောကြားထားပါတယ်။ ဒါပေမယ့် ရောဂါ လက္ခဏာကို ဆက်လက် စောင့်ကြည့်ရဦးမှာဖြစ်ပြီး သြစတြေးလျနိုင်ငံမှာ ယာယီနေထိုင်ဖို့ ငှားရမ်းထားတဲ့ နေအိမ်မှာ quarantine ထပ်လုပ်ပြီး ဂရုစိုက်မှုတွေ ပြုလုပ်ရဦးမှာဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံး ရောဂါကနေ ပြန်လည် နံလန်ထလာတဲ့ အကြောင်းကို အင်စတာဂရမ်စာမျက်နှာ ဆေးရုံကနေ ဆင်းဆင်းချင်းဓာတ်ပုံရိုက်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ Gold Coast University Hospital ကတော့ သူတို့ ဇနီးမောင်နှံကို ကျန်းမာရေးသတင်းလာရောက်မေးဖို့ ကြိုးစားခဲ့ကြပေမယ့် လက်ရှိမှာတော့ သူတို့နှစ်ဦးစလုံး တစ်သီးတသန့် နေထိုင်ဖို့ လိုအပ်နေသေးတယ်လို့ အသိပေးထားပါတယ်။
မင်းသားကြီးတွမ်ဟမ့်ခ်နဲ့ ဇနီးသည် ရီတာဝီလ်ဆင်တို့ ဆေးရုံမှ ဆင်းခွင့်ရ
Related News
Myanmar Cele - 391 days ago
ချစ်တတ်လွန်းသူတစ်ယောက်ပါလို့ ရင်ဖွင့်လိုက်တဲ့ ဂျိုကာ...
Entertainment - 355 days ago
လော့အိန်ဂျလစ် လမ်းမထက်မှာ မိုးမမြင်လေမြင် ဖြစ်နေတဲ့ စပိုက်ဒါမန်း...
Entertainment - 370 days ago
No Time To Die ဂျိမ်းစ်ဘွန်းဇာတ်ကားရဲ့ နောက်ကွယ်...
Entertainment - 369 days ago
အစောင့်ရှောက်ခံ မဲ့နေတဲ့ အမေတစ်ယောက်ကို ကူညီလိုက်ပြန်တဲ့ ဂျွန်လွင်...
Entertainment - 370 days ago
ဖိုတိုမော်ဒယ် နွယ်နွယ်ထွန်းရဲ့ စွဲမက်ဖွယ် အလှ...
Entertainment - 378 days ago
နေခြည်ဦးအကြောင်း ပြောလာတဲ့ အောင်ရဲလင်း...
Entertainment - 352 days ago
Game of Thrones မင်းသား ခရစ္စတိုဖာ ဟိုက်ဂျူး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရ...
Entertainment - 358 days ago