နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းဖြစ်တဲ့ Game of Thrones ဇာတ်ကားထဲက မင်းသား ခရစ္စတိုဖာ ဟိုက်ဂျူးဟာ လက်ရှိ နာမည်ကြီး နိုင်ငံတကာ အနုပညာရှင်တွေထဲမှာ ကိုရိုနာဗိုင်းရပ်စ် နောက်ဆုံး ရရှိတဲ့ အနုပညာရှင်ဖြစ်ခဲ့ပါပြီ။ သူဟာ ကိုရိုနာ ဗိုင်းရပ်စ် ဖြစ်နေတဲ့ အကြောင်းကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာ စာမျက်နှာပေါ်မှာ ရေးတင်ပြီး အသိပေးခဲ့တာပါ။
အသက် (၄၁) နှစ်ရွယ် မင်းသား ခရစ္စတိုဖာ ဟိုက်ဂျူးဟာ လက်ရှိမှာတော့ နော်ဝေ နိုင်ငံရဲ့ သူ့အပိုင်အိမ်မှာ သီးသန့် နေထိုင်နေပြီး အအေးမိတဲ့ လက္ခဏာသာ ပြသနေသေးတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာက ပရိသတ်တွေအနေနဲ့လည်း မိမိတို့ တိုင်းပြည်က ကျန်းမာရေးထုတ်ပြန်ချက်တွေကို သတိထားစောင့်ကြည့် ဖတ်ရှုပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ကြဖို့ အကြံပေးထားပါတယ်။
လက်ရှိမှာ မင်းသား ခရစ္စတိုဖာ ဟိုက်ဂျူးဟာ အအေးမိတဲ့ လက္ခဏာကလွဲလို့ ကျန်းမာရေး ကောင်းမွန်နေသေးပြီး နော်ဝေနိုင်ငံ သူ့ကိုယ်ပိုင်အိမ်မှာ အနားယူလျက်ရှိပါတယ်။ ကမ္ဘာတဝှမ်းလုံး ကိုရိုနာဗိုင်းရပ်စ်ကြောင့် စိုးရိမ်ကြောင့်ကျနေရပေမယ့် အတူတကွ တိုက်ပွဲဝင်ပြီး ဂရုစိုက်နေသွားကြဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ လက်ရှိမှာတော့ Netflix ရဲ့ ဒုတိယ The Witcher ဇာတ်လမ်း သရုပ်ဆောင်လည်းဖြစ်တဲ့ ခရစ္စတိုဖာ ဟိုက်ဂျူးကတော့ ကျန်းမာရေး အခြေအနေကြောင့် ရိုက်ကူးရေးတွေ ယာယီ ရပ်နားထားရတော့မှာပဲဖြစ်ပါတယ်။
Game of Thrones မင်းသား ခရစ္စတိုဖာ ဟိုက်ဂျူး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရ
Related News
Entertainment - 356 days ago
ပရိသတ်တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အမေရိကန်ခရီးစဉ်တွေကို ရွှေ့ဆို...
Entertainment - 370 days ago
ဖိုတိုမော်ဒယ် နွယ်နွယ်ထွန်းရဲ့ စွဲမက်ဖွယ် အလှ...
Entertainment - 352 days ago
Game of Thrones မင်းသား ခရစ္စတိုဖာ ဟိုက်ဂျူး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရ...
Myanmar Cele - 391 days ago
ချစ်တတ်လွန်းသူတစ်ယောက်ပါလို့ ရင်ဖွင့်လိုက်တဲ့ ဂျိုကာ...
Entertainment - 371 days ago
အိမ်ထောင်ကျသွားရင် ပရိသတ်တွေကို တွေ့ချင်တိုင်း တွေ့လို့မရတော့ဘူး...
Myanmar Cele - 378 days ago
မွေးရာပါ နှလုံးအပေါက်ပါ ဝေဒနာရှင် ကလေး ၂၇ ဦးကို ခွဲစိတ်ပေးခဲ့တဲ့ ခေတ်သစ...
Entertainment - 353 days ago
အမေများအဖွဲ့နဲ့ အလန်းစားကကွက်တွေ ကပြခဲ့တဲ့ ဖွေးစိန်လေး...
Entertainment - 364 days ago