အမေများအဖွဲ့နဲ့ ကပြဖျော်ဖြေခဲ့တဲ့ ဖွေးစိန်လေးရဲ့ အလန်းစားကကွက်တွေကို အွန်လိုင်းပရိသတ်တွက အကြိုက်တွေ့လျက်ရှိပါတယ်။ မကတတ် ကတတ်နဲ့ ချစ်စဖွယ် ကပြဖျော်ဖြေမှုလေးကြောင့် အားလုံးက ချစ်ခင်နှစ်သက်နေကြတာပါ။ သရုပ်ဆောင် အကယ်ဒမီဖွေးဖွေးဟာ Tik Tok လေးတွေကို ချစ်စဖွယ် ဟာသလေးတွေနဲ့ ဆော့ကစားလေ့ ရှိပြီး ရှုတင်လွတ်ကင်းချိန်လေးမှာ အပန်းဖြေတတ်သူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တစ်ပတ်လောက်ကလည်း ဆိုင်ကယ်သံတီးလုံးနဲ့ သူငယ်ချင်းတွေ Tik Tok ဆော့ကစားခဲ့တဲ့ ဗီဒီယိုလေးဟာ အတော်လေး ပေါက်ခဲ့ပြီး ပရိသတ်တွေကလည်း သူ့ရဲ့ ဟန်ပန်လေးတွေကို ချစ်ခင်နှစ်သက်ခဲ့ကြပါတယ်။ ကြိုးစားမှုရယ်၊ ပင်ကိုယ်အရည်အသွေးရယ် ပေါင်းစပ်ပြီး အကယ်ဒမီ ၃ ဆုကို ပိုင်ဆိုင်ထားပေမယ့် ကလေးတစ်ယောက်လိုမျိုး နေထိုင်ရတာ ပိုနှစ်သက်သူဖြစ်ပါတယ်။
အကယ်ဒမီဖွေးဖွေးဟာ အနုပညာသာ တော်သူမဟုတ်ဘဲ ပညာရေးမှာလည်း တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး ၂ ဘာသာ (ဇီဝဗေဒ၊ သင်္ချာ) နဲ့ ထူးချွန်စွာအောင်မြင်ခဲ့ပြီး YUFL မှာ B.A (Korean) ဘွဲ့ကို ၂၀၀၈ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ ငယ်ဘဝမှာ အဆိုဖြစ်ချင်တဲ့ ဆန္ဒရှိခဲ့ပေမယ့်လည်း လက်ရှိမှာ အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။
Photo- PP FB
အမေများအဖွဲ့နဲ့ အလန်းစားကကွက်တွေ ကပြခဲ့တဲ့ ဖွေးစိန်လေး
Related News
Entertainment - 359 days ago
အက်မီနမ်ရဲ့ ဗီဒီယိုသစ်မှာ မိုက်တိုင်ဆန်နဲ့ ဒေါက်တာဒွေးတို့ ပါဝင်သရုပ်...
Entertainment - 358 days ago
ဟယ်ရီပေါ်တာမင်းသား ဒန်နီရယ်ရက်ကလစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သ...
Entertainment - 364 days ago
အသက် ၅၂ နှစ်ပြည့် ဒန်နီရယ် ခရေ့ဂျ်ရဲ့ No Time To Die ဇာတ်ကားထွက်မယ့်ရက် နောက်ကျမ...
Entertainment - 356 days ago
ပရိသတ်တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အမေရိကန်ခရီးစဉ်တွေကို ရွှေ့ဆို...
Entertainment - 358 days ago
အမေရိကန် ဒေါ်လာ ၂၄ သန်းတန်တဲ့ ဆိုင်မွန်ကော်ဝဲလ်ရဲ့ အိမ်ကြီး ရုပ်လုံးပေ...
Entertainment - 377 days ago
ဦးတီကို ဆူလိုက်တဲ့ တီဝဲ...
Entertainment - 356 days ago
ရှုတင်မှာ မင်းသမီး သက်မွန်မြင့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ကို ဘယ်လိုစလ...
Myanmar Cele - 391 days ago