စပိုက်ဒါမန်းမင်းသား တိုဘေးမက်ဂွိုင်းယားတစ်ယောက် ချစ်သူကောင်မလေးနဲ့ လော့အိန်ဂျလစ်ရဲ့ လမ်းမထက်မှာ နှစ်ဦးသားရွှေလက်တွဲပြီး မိုးမမြင်လေမမြင်ဖြစ်နေတဲ့ ပုံရိပ်တွေကို သတင်းထောက်တွေက အသေအချာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ နှစ်ယောက်သား လမ်းမထက်မှာ ပျော်ရွှင်စွာနဲ့ ဈေးဝယ်ထွက်ခဲ့ကြတဲ့ ပုံရိပ်တွေဟာ ယမန်နေ့ သောကြာနေ့က ထွက်ပေါ်လာတာဖြစ်ပြီး အသက် (၄၄) နှစ်အရွယ် ရှိပြီဖြစ်တဲ့ စပိုက်ဒါမန်း မင်းသားကြီးကတော့ ပျော်ရွှင်နေရှာပါတယ်။
နှစ်ယောက်စလုံးရဲ့ မျက်နှာမှာ အပြုံးတွေဟာ သိပ်ကို ပေါ်လွင်နေလွန်းပြီး လိုက်ဖက်တဲ့ အနွေးထည်ကိုယ်စီနဲ့ လက်ချင်းချိတ်ပြီး အတူတကွ ရှိနေခဲ့တာပါ။ လက်ရှိ စပိုက်ဒါမန်းမင်းသား တိုဘေးမက်ဂွိုင်းယားတွဲနေတဲ့ ချစ်သူ ကောင်မလေးဟာ အသက် (၂၇) နှစ်အရွယ်ရှိတဲ့ မက္ကဆီကို မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။
တိုဘေးမက်ဂွိုင်းယားဟာ ဂျင်နီဖာမီယာလို့ခေါ်တဲ့ ကျောက်မျက်ဒီဇိုင်နာ အမျိုးသမီးနဲ့ အိမ်ထောင်ကျဖူးပြီး ဒီအမျိုးသမီးဟာ NBCUniversal ဒုဥက္ကဋ္ဌ ရွန်မီယာရဲ့ သမီးဖြစ်ပါတယ်။ သူမနဲ့ တိုဘေးမက်ဂွိုင်းယားတို့ဟာ ယူနီဗာဆယ်ကို အလုပ်ကိစ္စနဲ့ လာရင်း တွေ့ဆုံရင်း ချစ်ကြိုက်ခဲ့ကြပြီး သမီးတစ်ယောက်၊ သားတစ်ယောက် ရရှိအပြီးမှာ ၂၀၁၇ ခုနှစ်မှာတော့ တရားဝင် ကွာရှင်းခဲ့ကြပါတယ်။
လော့အိန်ဂျလစ် လမ်းမထက်မှာ မိုးမမြင်လေမြင် ဖြစ်နေတဲ့ စပိုက်ဒါမန်း
Related News
Entertainment - 366 days ago
“သူ မကြိုက်တာကို ဆက်မလုပ်ပါနဲ့” – The Boy II...
Entertainment - 378 days ago
ငါးရာတန်၊ တစ်ထောင်တန်လေးတွေ ရောင်းနေပါတယ်ဆိုတဲ့ ဦးဧရာ...
Entertainment - 372 days ago
HD ထွက်တယ်ဆိုတာ တစ်ယောက်ယောက်က လုပ်ကြံတာပါ...
Entertainment - 356 days ago
ရှုတင်မှာ မင်းသမီး သက်မွန်မြင့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ကို ဘယ်လိုစလ...
Entertainment - 365 days ago
အဆိုတော် ယုန်လေးရဲ့ “စိတ်ကူးနဲ့ပဲ” သီချင်းထဲက ထိုင်းမော်ဒယ်လ်လေးက ဘယ်သ...
Entertainment - 364 days ago
အသက် ၅၂ နှစ်ပြည့် ဒန်နီရယ် ခရေ့ဂျ်ရဲ့ No Time To Die ဇာတ်ကားထွက်မယ့်ရက် နောက်ကျမ...
Entertainment - 378 days ago
နေခြည်ဦးအကြောင်း ပြောလာတဲ့ အောင်ရဲလင်း...
Myanmar Cele - 391 days ago