ကမ္ဘာကျော်မင်းသားကြီး တွန်ဟန့်ခ်နဲ့ သူ့ရဲ့ အမျိုးသမီးဖြစ်သူ မင်းသမီး ရီတာဝယ်လ်ဆန်တို့ဟာ လက်ရှိ ကမ္ဘာ့အနှံ့မှာ ဖြစ်ပွားလျက်ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတယ်လို့ ဝါရှင်တန်ပို့စ်က ဖော်ပြလာပါတယ်။ လက်ရှိမှာ မင်းသားကြီး တွန်ဟန့်ခ်ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကိစ္စရပ်အတွက် သြစတြေးလျနိုင်ငံမှာ ရောက်ရှိနေပြီး လက်တလော အော်စကာ ဆုရှင်ကြီးနဲ့ သူ့ရဲ့ အမျိုးသမီးတို့ ဆေးစစ်ချက်အဖြေဟာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံနေရတယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်အတွက်လည်း လူမှုကွန်ရက်မှာ မင်းသားကြီး တွန်ဟန့်ခ်ဟာ အသိပေးထားပြီဖြစ်သလို သူတို့နှစ်ဦးစလုံးအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် လက္ခဏာအရ ချမ်းစိမ့်စိမ့်ဖြစ်ခြင်း၊ ကိုယ်ခန္ဓာယားယံခြင်းတွေအပြင် ဖျားချင်နေကြောင်း ဖွင့်ဟခဲ့ပါတယ်။
လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကူးစက်မြန် ကပ်ရောဂါတစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အရေးပေါ်ထုတ်ပြန်ထားပြီး နိုင်ငံအတော်များများမှာလည်း ခရီးသွားလာခွင့်တွေ ပိတ်ဆို့လျက်ရှိနေပါတယ်။
သြစတြေးလျနိုင်ငံကို အလုပ်ကိစ္စနဲ့ ရောက်ရှိနေတဲ့ သူတို့နှစ်ဦးအတွက် ကျန်းမာရေး ဂရုစိုက်မှုတွေပြုလုပ်နေကြပြီး အခြားသူများနဲ့ အဆက်အဆံ မလုပ်စေဘဲ သီးခြားခွဲထားတော့မယ်လို့ ဆက်စပ်သတင်းတွေက ဖော်ပြခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ခံလိုက်ရပြီဖြစ်တဲ့ မင်းသားကြီး တွန်ဟန့်ခ်
Related News
Entertainment - 397 days ago
ရှုတင်မှာ မင်းသမီး သက်မွန်မြင့် ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) ကို ဘယ်လိုစလ...
Entertainment - 407 days ago
“သူ မကြိုက်တာကို ဆက်မလုပ်ပါနဲ့” – The Boy II...
Entertainment - 419 days ago
နေခြည်ဦးအကြောင်း ပြောလာတဲ့ အောင်ရဲလင်း...
Entertainment - 406 days ago
အဆိုတော် ယုန်လေးရဲ့ “စိတ်ကူးနဲ့ပဲ” သီချင်းထဲက ထိုင်းမော်ဒယ်လ်လေးက ဘယ်သ...
Entertainment - 396 days ago
လော့အိန်ဂျလစ် လမ်းမထက်မှာ မိုးမမြင်လေမြင် ဖြစ်နေတဲ့ စပိုက်ဒါမန်း...
Entertainment - 397 days ago
ပရိသတ်တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အမေရိကန်ခရီးစဉ်တွေကို ရွှေ့ဆို...
Entertainment - 418 days ago
ဦးတီကို ဆူလိုက်တဲ့ တီဝဲ...
Myanmar Cele - 418 days ago