ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အသက် (၃၀) နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ဟယ်ရီပေါ်တာ မင်းသား ဒန်နီရယ် ရက်ကလစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ သတင်းဟာ လူမှုကွန်ရက်မှာ အတော်လေး ပျံ့နှံ့ခဲ့ပါတယ်။ ဒီသတင်းဟာ ဘီဘီစီသတင်းဌာန (အတု) ဖြစ်တဲ့ အွန်လိုင်းဝက်ဆိုက်ဘ်တစ်ခုကနေ ပျံ့နှံ့လာခဲ့တာဖြစ်ပြီး ဘီဘီစီသတင်းဌာနာအတုလို့ ဆိုတဲ့ ဒီသတင်းဆိုက်ဒ်ဟာ အမေရိကန် မင်းသားကြီး The Rock သေဆုံးသွားတယ်ဆိုတဲ့ သတင်းကိုလည်း ရေးသားဖော်ပြခဲ့ဖူးပါတယ်။
အဲဒီသတင်းဌာနဟာ ကနဦးသတင်း၊ အထူးသတင်းလို့ ခေါင်းစဉ်တပ်ပြီး ဒန်နီရယ် ရက်ကလစ်ကို နာမည်ကြီး အနုပညာရှင်တွေထဲက ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူလို့ ခေါင်းစဉ်တပ် ရေးသားဖော်ပြပြီး ကာယကံရှင် ကိုယ်တိုင်ကလည်း ကူးစက်ခံနေတဲ့အကြောင်း ဖွင့်ဟထားတယ်လို့ လှည့်ဖျား ရေးသားခဲ့တာပါ။
ဒီလို မဟုတ်မှန်တဲ့ သတင်းတွေဟာ အွန်လိုင်း ပရိသတ်တွေနဲ့ ဘလော့ဂ် စာမျက်နှာတွေအကြားမှာ တွင်တွင်ပျံ့နှံ့ခဲ့ပြီးနောက်မှာ ကာယကံရှင် မင်းသား ဒယ်နီရယ် ရက်ကလစ်က ဒီသတင်းတွေဟာ မဟုတ်မှန်ကြောင်း တရားဝင် ငြင်းဆိုလာခဲ့ပါတယ်။
အစောပိုင်းမှာ သူ့ရဲ့ ပရိသတ်တွေဟာ ဒန်နီရယ် ရက်ကလစ်အတွက် စိုးရိမ်ပူပန်ခဲ့ကြပြီး လက်ရှိမှာတော့ ဒေးလ်လီးမေးသတင်းဌာနရဲ့ သတင်းမှန် ပြန်လည်ဖော်ပြချက်ကြောင့် စိုးရိမ်မှုတွေ လျော့ကျခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်တွေအနေနဲ့လည်း ကျန်းမာရေး သတင်းတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ချက်တွေနဲ့ သတင်းအမှန်တွေကို ကမ္ဘာ့အသိအမှတ်ပြု သတင်းဌာန အစစ်တွေတွေကသာ စဉ်ဆက်မပြတ် လေ့လော ဖတ်ရှုနေဖို့ တိုက်တွန်းလိုက်ရပါတယ်။
ဟယ်ရီပေါ်တာမင်းသား ဒန်နီရယ်ရက်ကလစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သတင်း မဟုတ်မှန်
Related News
Entertainment - 398 days ago
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ခံလိုက်ရပြီဖြစ်တဲ့ မင်းသားကြီး တွန်ဟန့်...
Entertainment - 411 days ago
No Time To Die ဂျိမ်းစ်ဘွန်းဇာတ်ကားရဲ့ နောက်ကွယ်...
Entertainment - 419 days ago
ငါးရာတန်၊ တစ်ထောင်တန်လေးတွေ ရောင်းနေပါတယ်ဆိုတဲ့ ဦးဧရာ...
Entertainment - 404 days ago
ကိုရိုနာ (COVID-19) ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကိုရီးယား အနုပညာရှင်များ အားတတ...
Entertainment - 418 days ago
ဦးတီကို ဆူလိုက်တဲ့ တီဝဲ...
Myanmar Cele - 432 days ago
ချစ်တတ်လွန်းသူတစ်ယောက်ပါလို့ ရင်ဖွင့်လိုက်တဲ့ ဂျိုကာ...
Entertainment - 393 days ago
Game of Thrones မင်းသား ခရစ္စတိုဖာ ဟိုက်ဂျူး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံနေရ...
Entertainment - 413 days ago