မြန်မာပြည်ရဲ့ ပရိသတ်အတော်များများက ဂူးဂူးလို့ သိကြတဲ့ တရုတ်မင်းသမီးချောလေး Liu Yifei ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကျင်းပခဲ့တဲ့ Mulan ရုပ်ရှင် ဟောလီးဝုဒ် Red Carpet ပွဲမှာ တကယ့် လက်တွေ့ဘဝက ဒစ်စနေးလ်မင်းသမီးလေး တစ်ယောက်လို ပန်းနုရောင် ဂါဝန်အရှည်ကြီးမှာ ရွှေရောင် ကနုတ်တွေကို လှလှပပ ထိုးထားတဲ့ ဝတ်စုံကို ဝတ်ပြီး ကြွကြွရွရွလေး တက်ရောက်လာခဲ့တာပါ။
အသက် (၃၂) နှစ် အရွယ်ရှိပြီဖြစ်တဲ့ ဂူးဂူးဟာ အသက်အရွယ်အားဖြင့် ၃၀ ကျော်တန်းကို ရောက်ရှိလာခဲ့ပေမယ့် အသားအရည်ကောင်းမွန်မှုနဲ့ အိုမင်းခြင်း ဇရာတွေကို အကောင်းဆုံး တွန်းလှန်ထားတုန်းဖြစ်ပါတယ်။ သူ့ရဲ့ လှပတဲ့ ဝတ်စုံနဲ့ ချစ်စဖွယ် ဟန်ပန်တွေကြောင့် ပွဲတက်လာသူ ပရိသတ်တွေဟာလည်း အတော်လေး မျက်စိကျခဲ့ပြီး သူ့ရဲ့ အလှဟာ ခမ်းနားနေပါတော့တယ်။
ဒစ်စနေးလ်ရုပ်ရှင် စတူဒီယိုကနေ ဒီဇာတ်ကားကို ထုတ်လုပ်ဖန်တီးထားတာဖြစ်ပြီး အမေရိကန် ဒေါ်လာ သန်း ၃၀၀ လောက် အကုန်ကျခံ ထုတ်လုပ်ထားတယ်လို့ သတင်းတွေက ဆိုပြီး အထူးစိန်ခေါ်မှု တစ်ခု ဖြစ်လာလိမ့်မယ်လို့ သတင်းတွေက ဆိုပါတယ်။
ဂူးဂူးရဲ့ Mulan ဇာတ်ကားကိုတော့ ဒီလ ၂၇ ရက်နေ့မှာ ကမ္ဘာအနှံ့က ရုပ်ရှင်ရုံတွေမှာ ပြသသွားမှာဖြစ်ပြီး တရုတ်နိုင်ငံမှာတော့ Mulan ရုပ်ရှင် Red Carpet ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားပါတယ်။
ပန်းနုရောင် ဂါဝန်အရှည်မှာ ရွှေရောင်ကနုတ်တွေနဲ့ ပြည့်နေတဲ့ Mulan မင်းသမီးလေးရဲ့ ပွဲတက်ဝတ်စုံ
Related News
Myanmar Cele - 432 days ago
ချစ်တတ်လွန်းသူတစ်ယောက်ပါလို့ ရင်ဖွင့်လိုက်တဲ့ ဂျိုကာ...
Entertainment - 406 days ago
အဆိုတော် ယုန်လေးရဲ့ “စိတ်ကူးနဲ့ပဲ” သီချင်းထဲက ထိုင်းမော်ဒယ်လ်လေးက ဘယ်သ...
Entertainment - 418 days ago
ဦးတီကို ဆူလိုက်တဲ့ တီဝဲ...
Entertainment - 398 days ago
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ခံလိုက်ရပြီဖြစ်တဲ့ မင်းသားကြီး တွန်ဟန့်...
Entertainment - 397 days ago
ပရိသတ်တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အမေရိကန်ခရီးစဉ်တွေကို ရွှေ့ဆို...
Entertainment - 399 days ago
ဟယ်ရီပေါ်တာမင်းသား ဒန်နီရယ်ရက်ကလစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ သ...
Myanmar Cele - 419 days ago
မွေးရာပါ နှလုံးအပေါက်ပါ ဝေဒနာရှင် ကလေး ၂၇ ဦးကို ခွဲစိတ်ပေးခဲ့တဲ့ ခေတ်သစ...
Entertainment - 419 days ago