ကမ္ဘာ့တလွှားက အနုပညာရှင်များအနေနှင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကိုရိုနာ (COVID-19) ဗိုင်းရပ်စ်ကာကွယ်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းဆောင်တာများကို လူအား၊ ငွေအားများဖြင့် တတ်အားသ၍ ကူညီလျက်ရှိသည်။
ယင်းသို့ တက်ကြွစွာ ကူညီလှုပ်ရှားသူများထဲတွင် ကိုရီးယားနိုင်ငံ၏ အနုပညာရှင်များစွာလည်း ပါဝင်လာခဲ့သည်။ လတ်တလောတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ နောက်ဆုံးရ ကမ္ဘာ့တလွှား ဗိုင်းရပ်စ်ကူးစက်မှုနှင့် သေဆုံးသူ စာရင်းသည် တရိပ်ရိပ်မြင့်တက်လျက်ရှိနေပြီး ကူးစက်သူ ၉ သောင်းကျော်နှင့် သေဆုံးသူ ဦးရေ ၃ ထောင်ကျော်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ ကိုရီးယားနိုင်ငံ ဂျုံဆန်းပြည်နယ် မြောက်ပိုင်း ဒေးဂူမြို့တွင် ကိုရိုနာ (COVID-19) ဗိုင်းရပ်စ်ဖြစ်ပွားမှုမြင့်တက်နေပြီး အထူးဂရုစိုက်ရမည့် နယ်မြေဒေသအဖြစ် နယ်မြေပိုင် အာဏာပိုင်များက စောင့်ကြည့်လျက်ရှိသည်။ တောင်ကိုရီးယားတစ်နိုင်ငံလုံး၏ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုှုနှုန်းသည် လတ်တလောတွင် ၆၂၈၄ ဦးရေဖြင့် ဖြစ်ပွားအများဆုံး တရုတ်နိုင်ငံ၏နောက်တွင် ရပ်တည်နေသည်။
တောင်ကိုရီးယား နာမည်ကျော်အနုပညာရှင်များဖြစ်သည့် ဟွန်ဘင်း၊ ဟန်ယိုဂျူး၊ BIGBANG’s အဖွဲ့က T.O.P၊ ဟန်ဂျီမင်း၊ လီဒေါင်ဆွတ်၊ IU နဲ့ ဆူဇီတို့က ငွေအားနဲ့ ကျန်းမာရေးဝန်ထမ်းများ ဝတ်ဆင်ရသည့် အဝတ်အစားများကို ကိုရိုနာ (COVID-19) ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ကူညီလှူဒါန်းခဲ့ကြသည်။
ကိုရိုနာ (COVID-19) ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကိုရီးယား အနုပညာရှင်များ အားတတ်သရော ကူညီ
Related News
Entertainment - 413 days ago
အချစ်အကြောင်းတွေ ပြောပြလာတဲ့ ခင်ဝင့်ဝါ...
Entertainment - 400 days ago
ပန်းနုရောင် ဂါဝန်အရှည်မှာ ရွှေရောင်ကနုတ်တွေနဲ့ ပြည့်နေတဲ့ Mulan မင်းသမီးလ...
Entertainment - 396 days ago
လော့အိန်ဂျလစ် လမ်းမထက်မှာ မိုးမမြင်လေမြင် ဖြစ်နေတဲ့ စပိုက်ဒါမန်း...
Entertainment - 410 days ago
အစောင့်ရှောက်ခံ မဲ့နေတဲ့ အမေတစ်ယောက်ကို ကူညီလိုက်ပြန်တဲ့ ဂျွန်လွင်...
Myanmar Cele - 419 days ago
မွေးရာပါ နှလုံးအပေါက်ပါ ဝေဒနာရှင် ကလေး ၂၇ ဦးကို ခွဲစိတ်ပေးခဲ့တဲ့ ခေတ်သစ...
Entertainment - 394 days ago
အမေများအဖွဲ့နဲ့ အလန်းစားကကွက်တွေ ကပြခဲ့တဲ့ ဖွေးစိန်လေး...
Entertainment - 406 days ago
အဆိုတော် ယုန်လေးရဲ့ “စိတ်ကူးနဲ့ပဲ” သီချင်းထဲက ထိုင်းမော်ဒယ်လ်လေးက ဘယ်သ...
Entertainment - 398 days ago