“သူ မကြိုက်တာကို ဆက်မလုပ်ပါနဲ့” – The Boy II

လအတော်ကြာ အဖေနဲ့ အမေကို စကားမပြောဘဲ တစ်သီးတသန့် နေလာခဲ့တဲ့ ကောင်လေးဟာ အရုပ်တစ်ခုကို တောထဲမှာ တွေ့မြင်ပြီး အိမ်ကို သယ်လာချိန်မှာတော့ အရုပ်ရဲ့ အမိန့်ပေးခိုင်းစေမှုတွေကို အကုန်လုံး လုပ်ခဲ့ရပါတယ်။ ပထမအစမှာ အိမ်သားတွေဟာ ဒီအရုပ်ရဲ့ ထူးခြားမှုကို သတိမထားမိခဲ့ပေမယ့် နောက်ပိုင်းမှာ ထူးဆန်းတဲ့ လှုပ်ရှားမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့် အိမ်သားတွေ အားလုံး ဆွံ့အခဲ့ရပါတယ်။ သူ့ကို တစ်ယောက်တည်းထားခဲ့ရင် ထိခိုက်မှုတွေဖြစ်ရသလို၊ သူမကြိုက်တာကို လုပ်မိရင် ချက်ချင်း အိမ်အတွင်းမှာ ထူးခြားမှုတွေ ပျက်စီးမှုတွေနဲ့ ကြုံရပါတယ်။ အဲ့ဒီအရုပ်လေး ရောက်လာပြီးကတည်းက အိမ်မက်ဆိုးတွေနဲ့ ထူးဆန်းမှုတွေကိုလည်း အိမ်သားတွေ ဆက်တိုက်ကြုံလာခဲ့ရတယ်။ ရုပ်ရှင်ရဲ့ အဓိက အပိုင်းဟာ အသံပိုင်းဆိုင်ရာနဲ့ ခြောက်ခြားမှုတွေဖြစ်အောင် ပရိသတ်တွေကို ဆွဲဆောင်ခဲ့ပေမယ့် တကယ်တမ်း ပထမထွက်ခဲ့တဲ့ The Boy I လောက် စိတ်ဝင်စားစရာ မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ဇာတ်ကားတစ်ခုလုံး ဘယ်အချိန် ဘာထဖြစ်မလဲဆိုတဲ့ စိတ်ခံစားချက်ကတော့ အချိန်တိုင်း ဖြစ်နေရပါတယ်။ နောက်ပိုင်းမှာ ဒီရုပ်ရဲ့ သမိုင်းကြောင်းကို သိသွားြီပီး အရုပ်ရဲ့ စေခိုင်းမှုကို လုပ်ဆောင်နေခဲ့ရတဲ့ ကောင်လေးဖြစ်သူရဲ့ အမေဟာ အမှတ်မထင်ဘဲ သိခဲ့ရပြီး အဆုံးသတ်ဟာ……………………..။ “အိမ်ကို ဧည့်စိမ်းတွေလာတာ လုံးဝ မကြိုက်ဘူး..” – The Boy II

0
FacebookTwitterShare
Published on 03/03/2020 / zmediazmedia