အစောင့်ရှောက်ခံ မဲ့နေတဲ့ အမေတစ်ယောက်ကို ကူညီလိုက်ပြန်တဲ့ ဂျွန်လွင်

Stars & Models Int’l ရဲ့ CEO ဂျွန်လွင်ဟာ အခက်အခဲဖြစ်နေတဲ့ သူတွေကို ကြုံရင်ကြုံသလို အချိန်ပေးပြီး ကူညီတတ်လို့ အွန်လိုင်းပရိသတ်တွေကြားမှာ ချစ်ခင်နှစ်သက်မှုကို ရရှိထားပါတယ်။ အခုလည်း မိသားစုရဲ့ အကူအညီကို မရဘဲ တစ်ယောက်တည်း အသက်ရှင်နေထိုင်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့ အမေအိုတစ်ဦးကို ကူညီလိုက်ပြန်ပါပြီ။ အမေအိုဟာ မျိုးရိုးကောင်းပြီး ဆရာဝန်နဲ့ တပ်မတော်အသိုင်းအဝိုင်းတစ်ဦးဖြစ်ပေမယ့် လက်ရှိမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အစောင့်ရှောက်ခံ မဲ့နေတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။ ဒီအခြေအနေကို မကြည့်ရက်တဲ့အတွက် ကူညီခဲ့ပြီး “ကျွန်တော် ဂျွန်လွင်က ဒီနေ့ကစပြီး အဖွားအတွက်လိုအပ်တာတွေအကုန် ထောက်ပံ့ကူညီပေးသွားပါ့မယ်”လို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားအသိပေးခဲ့ပါတယ်။ (Photo – JL FB)

0
FacebookTwitterShare
Published on 29/02/2020 / zmediazmedia





Related News