ဂျိမ်းစ်ဘွန်းဇာတ်ကားဆိုတာနဲ့ ပရိသတ်တွေနဲ့ အသားကျနေတာက မြန်နှုန်းမြင့်ကားတွေနဲ့အတူ စွန့်စားခန်းတွေပါပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ အခိုက်အတန့်တွေကိုသာ ကြည့်ရှုခံစားရမယ်ဆိုတာပါပဲ။ No Time To Die ဒီဇာတ်ကားအတွင်းမှာ စွန့်စားခန်းတွေ များစွာပါဝင်ခဲ့ပြီး ခပ်ကြမ်းကြမ်း ခပ်မိုက်မိုက် ကားမောင်းတဲ့ ဇာတ်ဝင်ခန်းတွေ ပါဝင်ပါတယ်။ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ် ခရေ့ဂ်က No Time To Die ဇာတ်ကားမှာ ကြမ်းတမ်းပြီး စွန့်စားရတဲ့ ကားမောင်းတဲ့အခန်းတွေမှာ သူကိုယ်တိုင်မမောင်းခဲ့ဘဲ ဒန်နီရယ် ခရေ့ဂ်ရဲ့ နေရာမှာ လူစားထိုး စတန့်သမားကို ငှားပြီး ကားမောင်းခဲ့ရကြောင်း တော့ပ်ဂီယာမဂ္ဂဇင်းကို ပြောကြားခဲ့ပါတယ်။
ဒီဇာတ်ကားဟာ ဒန်နီရယ်ခရေ့ဂ်အတွက် ဂျိမ်းစ်ဘွန်းနောက်ဆုံး ဇာတ်ကားဖြစ်ပြီး ဇာတ်ဝင်ခန်းတိုင်းရဲ့ ကားမောင်းခန်းတွေဟာ အတော်လေး အန္တရာယ်များလွန်းတာကြောင့် သူ့နေရာမှာ စတန့်သမားကို လူစားထိုးခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒန်နီရယ်ခရေ့ဂ်က “ကျွန်တော်တို့အားလုံး လှည့်စားမှုတွေပြုလုပ်ခဲ့ပါတယ်။ ဒီအခန်းတွေမှာ ခင်ဗျားဆိုလည်း လုပ်မိမှာပါပဲ”လို့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ဒန်နီရယ်ခရေ့ဂ်ရဲ့ နေရာမှာ အစားဝင်ပြီး အက်စ်တန်မာတင်ကားကို မောင်းခဲ့တဲ့ စတန့်သမား ဟစ်ဂင်းကတော့ “ဇာတ်ကားတော်တော်များများဟာ တကယ်မြေပြင်က တွေ့ကြုံရတာထက်ပိုတဲ့ ကွန်ပျူတာ အထူးပြုလုပ်ချက်တွေနဲ့ လုပ်ကြတာပါပဲ။ ဇာတ်ဝင်ခန်းတွေဟာ သိပ်ကို စက်ဆုပ်စရာကောင်းပါတယ်။ သိပ်ကို ခက်ခဲခဲ့ပါတယ်။”လို့ ဖွင့်ဟခဲ့ပါတယ်။ ဒါအပြင် မင်းသား ဒန်နီရယ်ခရေ့ဂ်အနေနဲ့လည်း ပရော်ဖက်ရှင်နယ် ပီသစွာနဲ့ သရုပ်ဆောင်နိုင်ခဲ့တယ်ဆိုတဲ့ အကြောင်း ချီးကျူးခဲ့ပြီး “ကျွန်တော့်ကို သူ့နေရာမှာ အစားထိုးကားမောင်းခိုင်းခဲ့တဲ့ မင်းသားကိုလည်း ကျေးဇူးတင်ပါတယ်”လို့လည်း ဟာသလုပ် ပြောကြားခဲ့ပါသေးတယ်။ No Time To Die ဇာတ်ကားဟာ April လမှာ ထွက်ရှိမှာပါ။
No Time To Die ဂျိမ်းစ်ဘွန်းဇာတ်ကားရဲ့ နောက်ကွယ်
Related News
Entertainment - 377 days ago
ဦးတီကို ဆူလိုက်တဲ့ တီဝဲ...
Entertainment - 357 days ago
မင်းသားသစ် တစ်ယောက်နဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ပိုင်ဖြိုးသု...
Entertainment - 370 days ago
No Time To Die ဂျိမ်းစ်ဘွန်းဇာတ်ကားရဲ့ နောက်ကွယ်...
Myanmar Cele - 391 days ago
ချစ်တတ်လွန်းသူတစ်ယောက်ပါလို့ ရင်ဖွင့်လိုက်တဲ့ ဂျိုကာ...
Entertainment - 370 days ago
ဖိုတိုမော်ဒယ် နွယ်နွယ်ထွန်းရဲ့ စွဲမက်ဖွယ် အလှ...
Entertainment - 358 days ago
အမေရိကန် ဒေါ်လာ ၂၄ သန်းတန်တဲ့ ဆိုင်မွန်ကော်ဝဲလ်ရဲ့ အိမ်ကြီး ရုပ်လုံးပေ...
Entertainment - 355 days ago
လော့အိန်ဂျလစ် လမ်းမထက်မှာ မိုးမမြင်လေမြင် ဖြစ်နေတဲ့ စပိုက်ဒါမန်း...
Entertainment - 374 days ago