ဦးတီကို ဆူလိုက်တဲ့ တီဝဲ

ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ အကြောင်းအရာလေးကတော့ အနုပညာမောင်နှံတွေဖြစ်တဲ့ အကယ်ဒမီ ပြေတီဦးနဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်တို့ရဲ့ ချစ်စရာကောင်းတဲ့ အပြုအမူလေးတစ်ခုပါပဲ။ အိမ်ထောင်သက်တွေ ခိုင်မြဲလာသလို ဘဝရဲ့ အိမ်နေရာလေးမှာ ဆည်းလဲသံတွေနဲ့လည်း ပြည့်ပြည့်စုံစုံ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနေကြပါတယ်။ တာဝန် အလုပ်ကိစ္စကြောင့် အတူတူ မနေရပေမယ့် သူတို့ရဲ့ ချစ်ခြင်းတွေဟာ အမြဲတမ်း လတ်ဆတ်နေကြတော့ အားလုံးက လေးစားအားကျနေတဲ့ စံပြအနုပညာရှင်တွေအဖြစ် ရှိနေကြပါတယ်။ အခုလည်း တီဝဲက မန္တလေးမှာ ရုပ်ရှင်ဇာတ်ကားသွားရိုက်နေတုန်း ရန်ကုန်မှာ ဦးတီတို့ အဖွဲ့က ညစာသွားကြပြီး Live လွှင့်တဲ့အချိန်မှာ တီဝဲကို မသိစေနဲ့လို့ ပရိသတ်တွေကို ပြောကြားခဲ့တဲ့အပေါ် မန္တလေးရောက်နေတဲ့ တီဝဲက ဦးတီကို အရမ်းလွန်နေပြီဖြစ်ကြောင်း မကျေမနပ်နဲ့ ချစ်စနိုးပြောဆိုခဲ့တာပါ။ ဒါအပြင် တီဝဲ live လွှင့်နေတုန်းအချိန်မှာ ဦးတီက ချစ်စရာကောင်းတဲ့ Comment တွေကို မိန်းမအတွက် မန့်ပေးပြီး အွန်လိုင်းမှာ ချစ်ခင်နေကြလေရဲ့….။ Photo - PTO FB

0
FacebookTwitterShare
Published on 21/02/2020 / zmediazmedia





Related News