လက်ရှိ မြန်မာ ရုပ်ရှင်လောကမှာ နာမည်ကြီး မင်းသား၊ မင်းသမီးတွေလောက်သာ ကိုယ်လျှောက်လှမ်းနေတဲ့ ပရော်ဖက်ရှင်နယ် အသက်မွေးဝမ်းကျောင်းအတွက် ခံသာနေတယ်လို့ ပြောလို့ရပါတယ်။ တခြား ဇာတ်ပို့တွေ၊ ဟာသသရုပ်ဆောင်တွေအတွက်တော့ ဘဝအတွက် ရွေးချယ်စရာ တစ်ခုအဖြစ် ပုံမှန်ဝင်ငွေရနိုင်မယ့် အဖြစ်မျိုးကိုတော့ ဒီလမ်းကြောင်းက အားကိုးတကြီး ဖြစ်မနေပါဘူး။
ဒါကြောင့် ရုပ်ရှင်ဘက်က ခေါ်မရိုက်တဲ့ အခြေအနေ၊ ဇာတ်ကားရိုက်ပါးနေတဲ့ အချိန်တွေမှာ ဒီအနုပညာရှင်တွေဟာ တခြားသောအလုပ်တွေကို လုပ်ကြပြီး မိသားစုဘဝအတွက်၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အနာဂတ်အတွက် ဖန်တီးရယူကြရပါတယ်။ ဒီထဲမှာတော့ ဟာသလူရွှင်တော်၊ သရုပ်ဆောင် ဦးဧရာလည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။
ဘဝတစ်ယောက်လျှောက်မှာ အနုပညာအလုပ်တွေလုပ်ရင်း အသက်အရွယ်အိုမင်းလာခဲ့ပြီး ငယ်ရွယ်စဉ်လောက်ကလို မတတ်နိုင်တော့ပေမယ့် လက်ရှိအရွယ်နဲ့ ကိုက်ညီတဲ့ အနုပညာအလုပ်တွေကို လုပ်ရင်း ဆက်လက်ဖြတ်သန်းနေခဲ့ပါတယ်။ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်တွေကို လုပ်ရင်း အိုမင်းသွားတာဟာ သိပ်ကောင်းပါတယ်။ တကယ့်ကို စိတ်ဓာတ်ပြတ်သားတဲ့သူတွေလို့လည်း ဆိုနိုင်ပါတယ်။
ဟာသသရုပ်ဆောင်၊ လူရွှင်တော် ဦးဧရာက “ဘဝမှာ ကိုယ်လုပ်ချင်တဲ့ အရာတွေကို လုပ်ခွင့်ရခဲ့ပြီးပြီ။ အခုအချိန်မှာ အရင်ကလောက် မလုပ်ရတော့ပေမယ့် နောက်လူတွေကို ကူညီရင်း ဖြတ်သန်းနေရာတာ ကျေနပ်ပီတီဖြစ်ရပါတယ်။ ကိုယ်ရွေးချယ်တဲ့ အလုပ်အပေါ်မှာ ဘယ်တော့မှ နောင်တမရဘူး။”လို့ Z Media ကိုပြောပါတယ်။
လက်ရှိမှာ ဦးဧရာဟာဆိုရင် ကျောင်းသားကလေးငယ်တွေအတွက် မာလာအာလူး၊ ဥနီမရောနစ်၊ မာလာအာလူးကြက်အူချောင်း၊ အော်ဒါတွေရှိခဲ့ရင် ကြက်သားပလာတာတို့ကို တစ်ပွဲကို ငါးရာ၊ တစ်ထောင်စတဲ့ ဈေးနှုန်းတွေနဲ့ ရောင်းချလျက်ရှိပါတယ်။ Photo – AY FB
ငါးရာတန်၊ တစ်ထောင်တန်လေးတွေ ရောင်းနေပါတယ်ဆိုတဲ့ ဦးဧရာ
Related News
Entertainment - 394 days ago
အမေများအဖွဲ့နဲ့ အလန်းစားကကွက်တွေ ကပြခဲ့တဲ့ ဖွေးစိန်လေး...
Entertainment - 393 days ago
မင်းသားကြီးတွမ်ဟမ့်ခ်နဲ့ ဇနီးသည် ရီတာဝီလ်ဆင်တို့ ဆေးရုံမှ ဆင်းခွင့်ရ...
Entertainment - 419 days ago
ငါးရာတန်၊ တစ်ထောင်တန်လေးတွေ ရောင်းနေပါတယ်ဆိုတဲ့ ဦးဧရာ...
Entertainment - 412 days ago
အိမ်ထောင်ကျသွားရင် ပရိသတ်တွေကို တွေ့ချင်တိုင်း တွေ့လို့မရတော့ဘူး...
Entertainment - 398 days ago
မင်းသားသစ် တစ်ယောက်နဲ့ ကြော်ငြာရိုက်ကူးနေတဲ့ ပိုင်ဖြိုးသု...
Entertainment - 410 days ago
အစောင့်ရှောက်ခံ မဲ့နေတဲ့ အမေတစ်ယောက်ကို ကူညီလိုက်ပြန်တဲ့ ဂျွန်လွင်...
Entertainment - 396 days ago
လော့အိန်ဂျလစ် လမ်းမထက်မှာ မိုးမမြင်လေမြင် ဖြစ်နေတဲ့ စပိုက်ဒါမန်း...
Entertainment - 413 days ago