နေခြည်ဦးအကြောင်း ပြောလာတဲ့ အောင်ရဲလင်း

  ပရိသတ်အချစ်တော် အောင်ရဲလင်းကတော့ ချစ်သူဟောင်း နေခြည်ဦးရဲ့ အောင်မြင်မှု တရိပ်ရိပ် ရရှိလာတဲ့ အပေါ်မှာ ဝမ်းသာကျေနပ်မိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ လက်ရှိမှာတော့ အောင်ရဲလင်းဟာ အချစ်ရေး အချစ်ရာ ကိစ္စတွေမှာ စိတ်ဝင်စားမှု မရှိသေးဘဲ အနုပညာ အလုပ်တွေနဲ့သာ အစီစဉ်တကျ ရှိနေတယ်လို့ ဆိုပါတယ်။   သရုပ်ဆောင် အောင်ရဲလင်းဟာ ဘဝလက်တွဲဖော် ရွေးချယ်မှုကိစ္စရပ်မှာလည်း စိတ်ထဲရှိမှသာ အကောင်ထည်ဖော်သွားမှာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို တင်လေ့တင်ထ မရှိသလို ကိစ္စရပ်မှန်သမျှကို အပြင်မှာ ဖြေရှင်းပြီး ရှင်းလင်းရတာ ကြိုက်နှစ်သက်သူတစ်ဦးလို့ ဆိုပါတယ်။သရုပ်ဆောင် အောင်ရဲလင်းက “သူနဲ့ပတ်သက်ပြီး မှတ်ချက်အများကြီး မပေးချင်ပါဘူး။ လက်ရှိမှာ သူအောင်မြင်နေတာ ဝမ်းသာရတယ်။ ကျေနပ်ရတယ်။ အချစ်ရေးကိစ္စကတော့ ဖြေပြီးတဲ့အတိုင်းပဲ ကျွန်တော်ကတော့ လုပ်ချင်ထလုပ်တတ်တဲ့ စိတ်ရှိတယ်။ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို Facebook မှာ သိပ်မတင်ဖြစ်ဘူး”လို့ ပရိသတ်တွေကို ဖြေကြားခဲ့ပါတယ်။ Photo - AYL FB

0
FacebookTwitterShare
Published on 20/02/2020 / zmediazmedia





Related News